-
Biography of Thar Htoo (Be-Unique)
- ကျွန်တော့်အမည်ကတော့ သာထူးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Asia-Pacific International University (AIU) မှ Bachelor of Education & Psychology (First Class Honor) ဖြင့်ဘွဲ့ရရှိခဲ့ပါတယ်။ လေးနှစ်တာကျောင်းစားရိတ်ကို Child’s Dream ပညာသင်ဆုဖြင့်တက်ရောက်ခဲ့ပါတယ်။ လက်ရှိ e-Booklet လေးကိုရေးသားနေချိန်မှာတော့ ကျွန်တော်ဟာ Assumption University of Thailand တွင် Master of Educational Administration & Leadership (MEd.EAL) ကိုပါပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး အဆိုပါ မဟာတန်းဘွဲ့ကိုလည်း Institute of International Education (IIE) ပေးအပ်သော IIE Odyssey ပညာသင်ဆုဖြင့် တက်ရောက်ခဲ့ပါတယ်။
- တဖန် ကျွန်တော့်အနေဖြင့် အထက်တန်းမပြီးဆုံးသေးတဲ့ အနာဂတ်ပျောက်နေတဲ့လူငယ်များအတွက် ရည်ရွယ်ပြီး အလင်းတန်းပညာရေး အွန်လိုင်း GED (General Education Development နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းပြီးဆုံးကြောင်းအောင်လက်မှတ်) သင်တန်းကျောင်းလေး ကို သြဂုတ်လ၊ ၂၀၂၁ ခုနှစ်တွင် တည်ထောင်ခဲ့ပါတယ်။
- ၂၀၂၂ နောက်ပိုင်းမှာတော့ လူငယ်များရဲ့အနာဂတ်အတွက်ရှေ့ရှုပြီး ပညာသင်ဆုပြင်ဆင်ခြင်း၊ တက္ကသိုလ် ၀င်များခွင့်များ လျှောက်ခြင်း၊ ဘာသာရပ်နှင့်အလုပ်အကိုင် ရွေးချယ်မှု စတဲ့ အကြံပေးဆွေးနွေးခြင်း ၀န်ဆောင်မှုများကိုလည်းတိုးချဲ့၀န်ဆောင်မှုပေးလျက်ရှိပါတယ်။
- ကျွန်တော့်အနေဖြင့် အသိပညာဗဟုသုတမျှလက်ဆင့်ကမ်းခြင်းကို၀ါသနာပါသည့်အလျောက် Content Creator တစ်ယောက်အနေဖြင့် Be Unique Living (formerly Project Be Unique) တွင် ၂၀၂၂ နို၀င်ဘာလမှ စတင်ပြီး ယူကျုဆိုဒ် တွင် Content များအား အပတ်စဥ်တင်ပေးလျက်ရှိသလို၊ ဆက်လက်ပြီး Admin အဖြစ် Bahuthuta Corner Content ဆိုဒ်တွင်လည်း အချိန်ပိုင်းအလုပ်များလုပ်ကိုင်နေလျက်ရှိပါတယ်။ သင့်ဘ၀အတွက်တစုံတရာအကျိုးရှိမယ်ဆိုလျင် follow, subscribe များလုပ်ထားနိုင်ပါတယ်။
- လက်ရှိကာလမှာတော့ B'UNIQ-Coaching ကိုတည်ထောင်ထားပြီး ပုံမှန် ဘ၀တွက်တာရှင်းလင်းစရာတွေကိုရေးသားနေလျက်ရှိပါတယ်ဗျာ။
- သင့်အနေဖြင့် ကျွန်တော်တင်ဆက်တဲ့ ပညာရေးသတင်းများ၊ content အကြောင်းအရာများအားလက်မလွတ်စေရန် တယ်လီဂရမ်အသိုက်အ၀န်း ကို၀င်ထားနိုင်သလို ကျွန်တော့်ရဲ့ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာ ကိုလည်း follow လုပ်ထားနိုင်ပါတယ်။ ပညာရေးနှင့်သော်လည်းကောင်း၊ Content နှင့်သော်လည်းကောင်း ကျွန်တော့်ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
-
The Aim of this e-Booklet
- ပညာရေးသည် ကမ္ဘာကြီးကိုပြောင်းလဲရန် အသုံးပြုနိုင်သော အစွမ်းထက်ဆုံးလက်နက်ဖြစ်တယ် ဆိုတဲ့ Nelson Mendela ရဲ့ စကားအတိုင်း မြန်မာနိုင်ငံအတွက် ပြောင်းလဲရန်အဓိက အခြေခံအကျဆုံးလိုအပ်ချက်မှာ ပညာရေးဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပညာတတ်လူငယ်များ ပိုများလာလေလေ တိုင်းပြည်ရဲ့ကဏ္ဍအသီးသီး အတွက်ပြန်လည်ပြီး တိုးတက်မှုများပြုလုပ်နိုင်မှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့လူငယ်များအနေဖြင့် အဆင့်မြှင့်ပညာကိုနိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့ လက်ရှိအခြေအနေအရ နိုင်ငံခြားသို့သွားရောက် ပညာသင်ယူဆည်းပူးနေကြရပါတယ်။ ဒီလိုတက်နိုင်ဖို့ လူငယ်အများစုအနေဖြင့် ပညာသင်ဆုများကိုသာ အားထားနေကြရပါတယ်။ ယခု e-Booklet လေးကိုရေးသားရတဲ့ရည်ရွယ်ချက်သည်လဲပဲ ပညာသင်ဆုလျှောက်ကြမည့် ကျောင်းသားများအတွက်ဆောင်ရန်၊ရှောင်ရန်လေးများကိုသိရှိပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်များပိုင်ဆိုင်စေလို့တဲ့ရည်ရွယ်ချက်များအတွက်ဖြစ်ပါတယ်။ ယခု e-Booklet လေးကကနေ တစုံတစ်ရာအကျိုးများရရှိကြမယ်ဆိုရင်ကျွန်တော့်အနေဖြင့်ရေးရတာပီတိဖြစ်ရလှပါပြီး။ လူငယ်တွေဟာ နိုင်ငံရဲ့ အနာဂတ်ဖြစ်လို့ အားလုံးတွင် မြေတောင်မြှောက်ပေးရမည့်တာ၀န်ရှိပါကြောင်း ပြောကြားလိုပါတယ်။
-
Who is this e-Booklet for
- ယခု ကျွန်တော်ရေးသားထားတဲ့ Road To Scholarship: 11 Tips to Winning Scholarship လေးကို အောက်ပါအချက်များအတွက်ပြင်ဆင်နေတဲ့လူများအတွက်သာ ရည်ရွယ်ပြီးရေးသားထားရခြင်းဖြစ်ပါတယ်။
- ပညာသင်ဆု လျှောက်ပြီး ထိုင်းတက္ကသိုလ်များတွင်တက်ရန်ပြင်ဆင်နေသည့်လူငယ်များ
- Further Studies ကိုထိုင်းနိုင်ငံတွင်တက်ရောက်ရန်ပြင်ဆင်နေသူများအတွက်နှင့်
- သားသမီးများ နှင့် တပည့်များ ပညာသင်ဆုလျှောက်ဖို့ ကူညီပေးမည့် ဆရာဆရာမများ၊ မိဘများနှင့် အုပ်ထိမ်းသူများ အတွက်အကျုံး၀င်ပါတယ်။
-
Disclaimers
- e-Booklet လေးကိုဖတ်ပြီး ရာနှုန်းပြည့် ပညာသင်ဆုရရှိမှာကိုလည်း အာမ, မခံလိုပါ။ လူတိုင်းလိုအပ်ချက်မျိုးစုံ၊ နောက်ခံမျိုးစုံကလာသည့်အတွက် ပညာသင်ဆုရဖို့ဆိုရင် ရှု့ထောင့်ပေါင်းစုံကနေပြီးထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။
- သတိနှင့်ယှဥ်ပြီး လုပ်သင့်လိုက်ထိုက်လိုသည်များနှင့် အကြံဥာဏ်များ တစ်ခုခုရသွားရန်သာရည်ရွယ်ထားသည်ကိုသိစေလိုပါတယ်။
- ကျွန်တော်တင်ပြထားသည့်အချက်များသည် ကျွန်တော့်ရဲ့ကိုယ်တွေ့ အတွေ့အကြုံများဖြင့်သာရေးသားထားခြင်းဖြစ်ပြီး မည်သူတစ်ဦးတယောက်ကိုမျှ ထိခိုက် နစ်နာလိုစိတ်ဖြင့် ရေးသားထားခြင်းမဟုတ်ပါကြောင်း အတိအလင်း ဖော်ပြလိုပါတယ်။
- e-booklet ၌ ဖော်ပြပါရှိသော အချက်အလက်များအား လိုက်ပါလုပ်ဆောင်ခြင်းသည် ဖတ်ရှုသူ၏ ရွေးချယ်မှုသာဖြစ်ပြီး ဖြစ်ပေါ်လာသော အကျိုးဆက်များအား Thar Htoo-Be Unique မှ တာ၀န်ယူမည်မဟုတ်ပါကြောင်းပြောကြားအပ်ပါတယ်။
- e-booklet ကို ခွင့်ပြုချက်မရပဲ ဖြန့်ဖြူးခြင်းများကိုခွင့်မပြုပါ။ တွေ့ရှိပါကအရေးယူသွားမှာဖြစ်တယ်။