အပြိုင်အဆိုင်များတဲ့ခေတ်မှာ ကိုယ့်ရဲ့လမ်းကြောင်းပျောက်သွားလို့မဖြစ်ဘူးဆိုတာကိုသိပါ။ ကိုယ့်အနေနဲ့တစိုက်မတ်မတ်သွားဖို့ဆိုရင် ဘေးက ပြောပြ၊ဆိုပြပေးမဲ့ လူတွေလိုပါတယ်။ ဖြစ်ဖူးကြမှာပါ တခါတလေ ကြိုးစားမှုတွေအရာမထင်ဘူးလို့တွေးနေမိလား? ငါ့မှာဘာတွေမှာလိုအပ်ချက်ရှိနေလို့လဲစသဖြင့်ကိုယ်ကမှန်နေတယ်လိုပဲထင်နေတတ်ကြတယ်။ ဒီလိုနဲ့ ပညာသင်ဆုတွေတင်ပြီးလျှောက်တဲ့အခါတိုင်းမှာ ရသင့်သလောက်မရဖြစ်တာတွေရှိပါတယ်။ ဒီလိုအခြေအနေမှာနားလည်စေချင်တာကတော့ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကူညီပေးနိုင်တဲ့ ဆရာသမား၊ အတိုင်ပင်ခံတွေကိုရှာဖွေဖို့လိုအပ်ပါတယ်။ မြန်မာလူငယ်တွေအနေနဲ့ ဒီအချက်က အရေးကြီးတယ်ဆိုတာကို ထည့်သွင်းစဥ်းစားရမယ်။ ကိုယ်သွားချင်တဲ့ပန်းတိုင်ရောက်ဖို့ အကူညီလိုအပ်တယ်ဆိုတာလက်ခံရမယ်။

  1. Reach out to trusted mentors

လူတိုင်း နည်းမှန်လမ်းမှန်နဲ့ ကိုယ်သွားချင်တဲ့နေရာကို မှန်မှန်နဲ့ မြန်မြန်ရောက်ဖို့ဆိုရင် နားလည်တတ်ကျွမ်းသူတွေရဲ့ အကူညီတွေကို မေ့ထားလို့မရပါဘူး။ တတ်ကျွမ်းထားသူတွေကအရင်က မှားခဲ့တဲ့အမှားမျိုးကိုသူတို့က ကိုယ့်ကိုပြောပြနိုင်ပြီးဘယ်လိုသွားရင်ဘယ်လိုရောက်နိုင်လဲဆိုတာကို သူတို့က ပိုမြင်နိုင်လို့ပါ။ ကိုယ်တိုင် မမေးပဲလုပ်မယ်ဆိုရင် အချိန်တွေကြာပြီး ခရီးမရောက်ပဲဖြစ်နေနိုင်လို့ပါ။ ဒါကြောင့် ကိုယ်မေးသင့် ဆွေးနွေးသင့်တဲ့ consultant, coach, trainer, counselor တွေဆီသွားပါ၊ တိုင်ပင်ပါ။ ဒါမှသူတို့သိထားတဲ့အရာတွေကို ကိုယ့်ကိုပြောပြတဲ့အခါနည်းမှန်လမ်းမှန်နှင့် ယုံကြည်မှုရှိရှိနဲ့ အရောက်သွားနိုင်မှာဖြစ်တယ်။ ဆက်လက်ပြီး တရား၀င် ၀န်ဆောင်မှုပေးနေတဲ့ ကျောင်းလျှောက်ပေးတဲ့အဖွဲ့တွေကိုဆက်သွယ်ပါ။ ကုန်ကျသင့်တဲ့ပမာဏကိုလဲထည့်တွက်ပါ။ ပိုက်ဆံကို နှမြောပြီး ဘာမှ မလုပ်ရင် မတိုးတက်နိုင်ပါဘူး။

  1. Plan and Act

ကိုယ့်အနေနဲ့ ပညာသင်ဆုရကိုရစေရမယ် ဆိုတဲ့ စိတ်ပြင်းပြနေတယ်ဆိုရင်တော့ဒီအချက်က ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က လုံး၀စီစဥ်ရမယ်၊ လုပ်ဆောင်ရမဲ့တာ၀န်ရှိနေလို့ပါ။ သိုပေမဲ့လူငယ်သဘာ၀အရ အနည်းငယ်တော့ သတိ၀င်ထားစေချင်တဲ့အတွက် ဒီအချက်ကိုထည့်ရေးရခြင်းဖြစ်ပါတယ်။ ဆိုတော့ ပထမဆုံးပညာသင်ဆုလျှောက်တော့မယ်ဆိုရင်ကိုယ့်မှာ ဘာတွေစပြီးလုပ်ရမလဲ၊ ဥပမာ

ဆိုတော့ ပိုပြီးသေချာစေချင်တယ်ဆိုရင်အနည်းဆုံး (၆) လ တစ်နှစ် ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားတာက ပိုပြီး ထိရောက်ပါတယ်။ တလချင်း goal သေးသေးတွေချပြီး ဒီတလတော့ ငါဒါကိုပြင်ဆင်မယ်၊ နောက်လကျရင်ဘယ်အပိုင်းဆက်လုပ်မလဲဆိုပြီး SMART Goal မျိုးကိုလုပ်နိုင်တယ်။ နီးလာမှ ဟိုရှာဒီရှာလုပ်နေပြီးလျှောက်လိုက်ရင် ရမရ မသေချာဖြစ်သွားနိုင်လို့၊ ကိုယ့်အနေနှင့် သေချာပြင်ဆင်ထားပြီး မှ လျှောက်ရင်ပိုပြီး မျှော်လင့်ချက်လဲရှိပါတယ်။ ကျွန်တော့်ရဲ့ Project Be Unique YouTube မှာ လည်းSMART Goal အကြောင်းအကျဥ်းချုပ်ပြောပြထားပါသေးတယ်။ https://www.youtube.com/watch?v=JqLKGuVZE8U

  1. Keep in Touch

ခုနပြောသလို ကိုယ့်ရဲ့ mentor, coach နှင့်ဆရာတွေနဲ့ လည်းအဆက်အသွယ်မပြတ်ပါနဲ့။ သူတို့ဆီမှာဘာတွေယူပြီး ဘယ်လိုပြင်ဆင်ထားရမလဲ ဆိုတာကို လိုအပ်လို့ပါ။ ဒါကြောင့် ပညာသင်ဆု လျှောက်နေတဲ့လတွေ နှစ်တွေမှာ သူတို့နဲ့ အမြဲချိတ်ဆက်ဖို့ တိုက်တွန်းချင်ပါတယ်။ ရသွားရင်ဘာတွေဆက်လုပ်ရမလဲ၊ မရရင်ဘာတွေ နောက်ထပ်အစီအစဥ်ပြောင်းရမလဲဆိုတာတွေကို သူတို့နဲ့ ဆွေးနွေးကာ စီစဥ်နိုင်လို့ပါ။