Networking လို့ပြောလိုက်ရင် ချိတ်ဆက်မှုပြုလုပ်ခြင်းပါပဲ။ ပညာသင်ဆုလျှောက်ဖို့ရာ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ကိုယ်လျှောက်မည့် ပညာသင်ဆုတွေ၊ ကျောင်းတွေရဲ့ presentation နေ့ရက်တွေကို မှတ်သားထားပြီး ကိုယ်အနေနဲ့ ၀င်ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ ကိုယ်ကဒီလမ်းကြောင်းကိုသွားချင်တယ်ဆိုရင် ဒီလမ်းကြောင်းပေါ်မှာရောက်နေတဲ့လူကိုမေးမြန်းစုံစမ်းတာကလက်တွေ့ကျပါတယ်။ ဥပမာ ကိုယ်ကနေရာအသစ်တစ်ခုသွားသလိုပါပဲ၊ မသိတဲ့အတွက် ဘယ်လမ်းဘယ်နေရာ ဆိုတာကို သိဖို့ဘေးကနယ်ခံတွေကိုမေးသလိုပါပဲ။ ဒီခေတ်မှာဆိုရင်တော့ GPS တွေကိုကြည့်ပြီးရောက်လေရာသွားလို့ရနေတဲ့ခေတ်ကိုရောက်နေပါပြီး။ ပိုပြီးမြင်အောင်ပြောရရင် အင်တာနက်ခေတ်ကြီးမှာလို အရာအားလုံးလွယ်လင့်တကူရနေတဲ့အချိန်မှာ ချိတ်ဆက်မှုပိုပြီးအားကောင်းသင့်တယ်လိုထင်ပါတယ်။ ဒီလိုချိတ်ဆက်ဖို့ဆိုရင်အောက်က အချက်တွေကိုထည့်တွက်သင့်ပါတယ်။
ကိုယ်တတ်ချင်တဲ့ဘာသာရပ်၊ ပညာတွေကို သင်ဖို့ဆိုရင် ထိုအရာတွေကိုပို့ချတဲ့ ဆရာတွေဆီ၊ အတတ်ပညာတွေပေးတဲ့နေရာတွေဆီ သွားရမှာဖြစ်တယ်။ ပညာသင်ဆုလျှောက်ဖို့ဆိုရင် အိမ်မှာနေပြီးထိုင်လို့မရပါဘူး။ ပညာသင်ဆုနှင့် နီးစပ်တဲ့ ဆရာတွေ၊လူပုဂ္ဂိုလ် တွေ နဲ့ ပညာရေးနယ်ပယ်က အသိမိတ်ဆွေတွေနဲ့ ချိတ်ဆက်ဖို့လိုပါမယ်။ ပြောရဲဆိုရဲမှုရှိရမယ်၊ ကိုယ့်အနေနှင့် ရှက်နေပြီးမမေးရဲတာတို့ မပြောရဲတာတို့ဆိုရင် ရှေ့မရောက်နိုင်ပါဘူး။ သတ္တိမွေးရမယ်။ လုပ်စရာရှိတာကိုလုပ်ပြီး အကူညီတောင်းခံစရာရှိတာကိုလည်း တောင်းတတ်ရပါမယ်။ ဥပမာ ပညာသင်ဆုပေးတဲ့ အဖွဲ့တွေကို စာပို့တာ၊ မေးမြန်းတာတွေလုပ်ရပါမယ်။
ကိုယ့်နဲ့စိတ်တူ ပန်းတိုင်တူတွေရှိတဲ့ အသိုက်အ၀န်းတွေကို ချဥ်းကပ်ခြင်းဟာလည်းကိုယ့်ရဲ့ပန်းတိုင်ကိုသွားဖို့ မြန်စေသလို၊ ပိုလွယ်ကူစေပါတယ်။ ကိုယ့်အနေနဲ့ ဘေးမှာမေးမြန်းဖို့လူမရှိဘူးဆိုရင် ၀င်ထားလို့ရတဲ့ ပညာသင်ဆုအဖွဲ့ တွေ အသိုက်အ၀န်းတွေကို Facebook Groups နဲ့ Telegram Groups တွေမှာ ၀င်ထားနိုင်ပါတယ်။ “Scholarship for Myanmar Students” ဆိုတဲ့စာသားလေခေါက်လိုက်ရင်အဖွဲ့တွေကျလာနိုင်တယ်။ တစ်ခုတော့ရှိတယ် သေချာစိစစ်ပြီး ဒီအဖွဲ့က အစစ်အမှန်လား အတည်လား၊ အလိမ်အညာလားဆိုတာကိုလည်း သိတဲ့လူတွေကိုမေးကြည့်ရမယ်။ ကိုယ်သေချာသိဖို့ ၀င်ထားတဲ့အသိသူငယ်ချင်းတွေကိုမေးရမယ်။ ဆက်လက်ပြီး ပညာသင်ဆုအဖွဲ့အစည်းတွေ၊ ဖေ့ဘွတ်လူမှုကွန်ယက်က အဖွဲ့တွေကို တတ်နိုင်သလောက် စုစည်း ပေးထားပေးပါမယ်။ တစ်ခုတော့ရှိတယ် အဖွဲ့တွေမှာ စိစစ်ပြီးတင်ပေးလေ့ရှိလို့ အတုအယောင်ပို့စ်တွေမရှိသလောက်ပါပဲ။ ဒါပေမဲ့ သတိတော့ရှိနေဖို့လိုတယ်။
တစ်ချို့သော အဖွဲ့တွေက သေချာ အစုအဖွဲ့လုပ်ထားပြီး အထက်တန်းပြီးထားတဲ့ ဗဟုသုတအားနည်းတဲ့ ကျောင်းသားလူငယ်လေးတွေကို ပစ်မှတ်ထားပြီး လိမ်ညာမှုတွေလိုက်လုပ်နေတာတွေရှိပါတယ်။ အဓိကတော့ ငွေညစ်တောင်းတာတွေရှိတယ်။ အွန်လိုင်းကနေ အောင်လက်မှတ်ရတဲ့ သင်တန်းတွေ ကောလိပ်သင်တန်းတွေကို ဗန်းပြပြီး အတုအယောင်တွေလုပ်စားနေတာတွေရှိပါတယ်။ ဒါကြောင့် သတိကြီးကြီးနဲ့ ထောင်ချောက်ထဲမကျအောင် လုပ်ရမယ်။ အဓိကအကြမ်းဖျင်း သိထားရမှာက သူတို့ပေးထားတဲ့ဖုန်း၊ လိပ်စာတွေနဲ့ ၀က်ဘ်ဆိုဒ်တွေက အစစ်အမှန်လား အတုအယောင်လားဆိုတာ သတိကြီးစွာနဲ့ ကြည့်ပါ။ ပညာသင်ဆုတွေအများစုက ဘယ်တော့မှ ပိုက်ဆံမပေးရဘူး။ ကျောင်းလျှောက်တဲ့အခါမှာသာ တက္ကသိုလ်လျှောက်လွှာ (သို့)လျှောက်ခ အတွက် ငွေအနည်းငယ်ပေးရတယ်။ ဘာမှမလုပ်ခင်ပိုက်ဆံကြိုသွင်းရပြီးလို့ပြောတာနဲ့ ဘေးကလူတွေကိုအသိပေးပါ။ ဒါက အတုအယောင်လားအစစ်လားဆိုတာ ပြန်စိစစ်ပါ။
ကျွန်တော့်အနေနဲ့လည်း ကိုယ်ပိုင်ထောင်ထားတဲ့အသိုက်အမြုံလေးရှိပါတယ်။ 'လူငယ်များအတွက်ပညာရေးအခွင့်အလမ်းများ' ဆိုတဲ့ ဖေ့ဘွတ်အဖွဲ့လေးကိုစိတ်၀င်စားပါက ၀င်ထားလို့ရပါတယ်။ https://www.facebook.com/groups/760117761243889
(ပညာသင်ဆုအဖွဲ့အစည်းများနှင့် တက္ကသိုလ်များဖော်ပြထားတဲ့ links တွေ Extra 1 & 2 မှာဖော်ပြထားလို့အသေးစိပ်ကြည့်ရှုနိုင်ပါတယ်။)
Activity-5